အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်းကို သိမ်းပိုက်မှု အမေရိကန်က ခွင့်ပြုမည်မဟုတ်ဟုဆို
27 Sepအစ္စရေးနိုင်ငံအနေဖြင့် အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်မှုအတွက် အမေရိကန်နိုင်ငံက ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “အစ္စရေးအနေနဲ့ အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခွင့်ပြုသွားမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာ စရာလည်း အကြောင်းမရှိပါဘူး။ အခုဆိုရင် အစ္စရေးရဲ့ လုပ်ရပ်တွေရပ်တန့်ဖို့ အချိန်တန်ပါပြီ”ဟု ထရမ့် က စက်တင်ဘာလ ၂၅ ရက်တွင် သတင်းထောက်များကို ပြောသည်။ အလားတူ ထရမ့် သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့်လည်း စကားပြောခဲ့သည်ဟု ဆက်ပြောထားသည်။ ထရမ့် သည် အာရပ်နှင့် မူဆလင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် အစ္စရေး-ဂါဇာစစ်ပွဲ ရပ်တန့်သွားရေး အပါအဝင် အချက် ၂၁ ချက်ပါအစီအစဉ်ကို တင်ပြထားသည်။ ထိုအချက်များအနက် အရေးအကြီးဆုံးအချက်မှာ အစ္စရေးနိုင်ငံအနေဖြင့် အနောက်ဘက်ကမ်းဒေသကို မသိမ်းပိုက်ရေးဖြစ်ကြောင်း သိရသည်။