“Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကျင်းပမည်”

26 Sep

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး JNCS ကုမ္ပဏီ လီမီတက်က စီစဉ်ကျင်းပတဲ့ Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို စက်တင်ဘာလ ၂၈ ရက် မှာ ရန်ကုန်မြို့ရှိသိမ်ဖြူအားကစားကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၄ ရက်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝန်းမှာ ကျင်းပခဲ့ပါတယ်။ ရိုးရာလက်ဝှေ့ပရိတ်သတ်တွေအကြိုက် တွဲဆိုင်းကောင်း တွေ ပါဝင်တဲ့အတွက် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးကျော်ဇင်ဦး က ပြောကြားခဲ့ပါတယ်။ အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ လေးချီ စိန်ခေါ်ပွဲတွေ၊ ငါးချီစိန်ခေါ်ပွဲတွေ ပါဝင်သလို ရွှေခါးပတ် ချန်ပီယံတွေကို အလဲထိုးအနိုင်ယူထားတဲ့ ကစားသမားတွေ ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်း ၁၀ ဆိုင်းပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး အမျိုးသမီးတွဲဆိုင်း ၁ ဆိုင်းပါဝင်မှာဖြစ်ပါတယ်။ အခုပြိုင်ပွဲကြီးကို SKYNET Sports ရုပ်သံလိုင်းနဲ့ SKYNET Application တို့ကနေ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

26 Sep

ADVERTISE HERE .