“ရှန်ဟိုင်းမာစတာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်”

26 Sep

ဆားဘီးယားတင်းနစ်သမား နိုဗက် ဂျိုကိုဗစ် ဟာ မကြာခင်မှာကျင်းပမယ့် ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဂျိုကိုဗစ် ဟာ စက်တင်ဘာလ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်မှာ အယ်ကာရက်ဇ် ကို ရှုံးနိမ့်ပြီးနောက်ပိုင်း အနားယူနေခဲ့တာဖြစ်ပြီး ရှန်ဟိုင်း မာစတာပြိုင်ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ ရှန်ဟိုင်းမာစတာပြိုင်ပွဲ ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်အနေနဲ့ အခုနှစ်ပြိုင်ပွဲကို ၁၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ဖို့အတွက် ပစ်မှတ်ထားပြင်ဆင်နေတယ် လို့ သိရပါတယ်။ ဂရင်းစလမ်ချန်ပီယံဆုကို ၂၄ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ် ဟာ အခုနောက်ပိုင်း အမျိုးသားတင်းနစ် လောကကို ကြီးစိုးလာတဲ့ ကမ္ဘာ့အဆင့် (၁) အယ်ကာရက်ဇ်နဲ့ အဆင့် (၂) ဆင်နာတို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲကြိုးပမ်းနေရပြီး နိုင်ပွဲတွေရဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အခုနှစ် ရှန်ဟိုင်းမာစတာတင်းနစ် ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်ကနေ ၁၂ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)

26 Sep

ADVERTISE HERE .