“ဂါဇာထောက်ပံ့ရေး ရေယာဉ်အုပ်စုများကို ကာကွယ်ရန် အီတလီနှင့်စပိန်က စစ်သင်္ဘောများ စေလွှတ်”

26 Sep

ဂါဇာဒေသသို့ ပေးပို့နေသည့် နိုင်ငံတကာမှ ကူညီထောက်ပံ့ရေးပစ္စည်းများ တင်လာသော ရေယာဉ်စုများ ကို ကာကွယ်နိုင်ရေးအတွက် အီတလီနှင့်စပိန်နိုင်ငံတို့က စစ်ရေယာဉ်များကို စေလွှတ်လိုက်ကြောင်း သိရသည်။ ရှေ့နေများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများပါ လိုက်ပါလာသော ထောက်ပံ့ရေး ရေယာဉ်အစင်း ၅၀ ခန့်သည် အစ္စရေး က ပိတ်ဆို့ထားသော ရေလမ်းကြောင်းသို့ ချဉ်းကပ်လာနေစဉ် အီတလီနှင့် စပိန်တို့က စစ်ရေယာဉ်များကို စေလွှတ်ခြင်း ဖြစ်သည်။ အီတလီနိုင်ငံအနေဖြင့် ဖရီးဂိတ် စစ်ရေယာဉ်တစ်စင်းကို စက်တင်ဘာလ ၂၄ ရက်တွင်လည်းကောင်း၊ စပိန် နိုင်ငံက စစ်ရေယာဉ်တစ်စင်းကို စက်တင်ဘာလ ၂၅ ရက်တွင် လည်းကောင်း စေလွှတ်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ စေလွှတ်ခြင်းသည် စစ်မက်ပြုရန် လုပ်ဆောင်မှုမဟုတ်ဘဲ လူ့အသက်များကို ကယ်တင်ရန်သာ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောထားသည်။ အစ္စရေးတို့ ပိတ်ဆို့ထားသော ရေလမ်းကြောင်းကို ဖြတ်သန်းရန် ယခင် ကြိုးပမ်းမှုများတွင် လူသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Sep

ADVERTISE HERE .