“မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေးခရီးစဉ်အတွက် ဗီဇာကင်းလွတ်ခွင့်ရရှိမည်”
26 Sep
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး(ရန်ကုန်မြို့)မှ ဗီဇာကင်းလွတ်ခွင့်နှင့်ပတ်သတ်ပြီး အသိပေးကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်မှာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်(ကာလတို လူမှုရေး ခရီးစဉ်) အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ဗီဇာလိုအပ်ချက်မှ ကင်းလွတ်ခွင့် ရရှိမှာဖြစ်ကြောင်း အသိပေးထားပါတယ်။ အဆိုပါကင်းလွတ်ခွင့်အရ နေထိုင်ခွင့်ရရှိမည့် အများဆုံးကာလဖြစ်တဲ့ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ရရှိခြင်းသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်ကို အာမခံခြင်း မဟုတ်ကြောင်းနှင့် နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခြင်း ရှိ၊ မရှိကို သတ်မှတ်ထားသော ဝင်ပေါက်/ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ ခွင့်ပြုချက်အပေါ်မှာ မူတည်ကြောင်း အသိပေးထားပါတယ်။ (NVS 004)
26 Sep