“CI မှ PJ ပက်စပို့ပြောင်းသူများ ထိုင်းပြင်ပကို ထွက်ခွာခွင့် ကန့်သတ်ထား”

26 Sep

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအချို့သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံ(CI) စာအုပ် အစိမ်းမှ နိုင်ငံကူးလက်မှတ်(စာအုပ်အနီ)ကို ပြောင်းလဲလျှောက်ထားတဲ့အခါ အဆိုပါနိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ ပြင်ပကို ထွက်ခွာခွင့်ကန့်သတ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ CI စာအုပ်ရုံးမှာ စာအုပ်လုပ်ပြီးတဲ့နောက် နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) စာအုပ်ထပ်လျှောက်တဲ့အခါ နိုင်ငံကူးလက်မှတ်စာအုပ်မှာ "ထိုင်းနိုင်ငံ တစ်နိုင်ငံထဲအတွက်သာ" တုံးထုပေးထားခြင်း ဖြစ်ပါတယ်။ CI မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုကို ထိုင်းနိုင်ငံ မဟာချိုင်ရှိ CI စခန်းတစ်ခုတည်းတွင်သာ လျှောက်ထား ခွင့်ရှိပြီး ထုတ်ယူခွင့်ရရှိသည့် နိုင်ငံကူးလက်မှတ်များမှာ Passport For Thailand Only ဟုသော အပြာရောင် တံဆိပ်တုံးစာသားကို ရိုက်နှိပ်ထားပါတယ်။ အခုလိုတံဆိပ်တုံးထုပေးခြင်းက CI မှ PJ ကိုပြောင်းလဲပေးနေတဲ့ မဟာချိုင်ရုံးကသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသောနိုင်ငံကူးလက်မှတ်များအပေါ် သက်ရောက်မှု မရှိသေးကြောင်း သိရပါတယ်။ CI စာအုပ်များက ထိုင်းနိုင်ငံရှိ တရားမဝင်ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်လုပ်သားများကို ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ ထုတ်ပေးခြင်းဖြစ်ကာ ထိုမှတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနအတည်ပြုခြင်း ဖြစ်ပါတယ်။ (NVS 004)

26 Sep

ADVERTISE HERE .