“မန္တလေးမြို့ရောက် ဗန်းမော်ခရိုင်မှစစ်ဘေးရှောင်များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့”

26 Sep

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မြို့နယ်များမှ စစ်ဘေးရှောင်များအဖြစ် မန္တလေးမြို့သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိတဲ့ ပြည်သူများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်ရှိ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်မှာ စစ်ဘေးရှောင်များအဖြစ် ယာယီပြောင်းရွှေ့နေထိုင်နေကြရသူများနှင့် စစ်ဘေးရှောင် ဝန်ထမ်းများကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ အားပေးစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရဖွဲ့၏ ထောင်ပံ့ငွေကျပ်သိန်း ၅၀၀ ကို တာဝန်ရှိသူတစ်ဦးထံပေးအပ်ခဲ့ပြီး စစ်ဘေးရှောင်များကို ခေါက်ဆွဲခြောက်ထုတ်များ ပေးအပ်ခဲ့ပါတယ်။ ထို့အတူ စစ်ဘေးရှောင်များအတွက် Seven Force ကုမ္ပဏီမှလည်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပါတယ်။ (NVS 004)

26 Sep

ADVERTISE HERE .