“မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးသွားရောက်မည်”
26 Sep
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးသွားရောက်မည်ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော် ယာယီသမ္မတက ကာဇတ်စတန်နိုင်ငံသမ္မတအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများပြုလုပ်သွားမည် ဖြစ်ပါတယ်။ ယင်းခရီးစဥ်အတွင်း ယာယီသမ္မတက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး တို့ကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ (NVS 004)
26 Sep