“သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ပြည်သူ့ရင်ပြင်၌ ၄ ရက်တိုင်တိုင် ကျင်းပမည်”

26 Sep

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ဂီတဖျော်ဖြေပွဲနှင့်တွဲဖက်၍ အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ အဆိုပါသီတင်းကျွတ် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ (၃) မှာ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါတယ်။ အခုလိုအမှာစကားပြောကြားရာ၌ တာဝန်ရှိသူများအနေနဲ့ ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ခြင်း နှင့် ဈေးကွက်များချိတ်ဆက်ပေးခြင်းတို့ကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် MSME ထုတ်ကုန် များဈေးကွက်ပိုမိုရရှိရေးနှင့် MSME လုပ်ငန်းများခေတ်နှင့်အညီ Digital စနစ်မှာ လိုက်ပါဆောင်ရွက်နိုင်ရေး တို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

26 Sep

ADVERTISE HERE .