“ကျိုက်ထီးရိုးတောင်တက်ယာဉ်များ အောက်တိုဘာလ ၁ ရက်မှ စတင်ပြေးဆွဲမည်”
25 Sep
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ဖွင့်ပွဲ ရောက်ရှိတော့မှာဖြစ်လို့ ကျိုက်ထီးရိုး တောင်တက်ယာဉ်များကို လာမည့် အောက်တိုဘာလ ၁ ရက်မှ စတင်ပြေးဆွဲသွားမှာဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံမှ သိရပါတယ်။ ဘုရားဖူးပြည်သူများ သွာလာရေးအဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးကို အသုံးပြုသွားမှာ ဖြစ်ပြီး လက်ရှိတွင် ဘုရားဖူးလာပြည်သူများအတွက် တည်းခိုရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များကိုလည်း နေရာချထားပေးပြီး ပြန်လည်ပြုပြင်ရေးများ ဆောင်ရွက်လျက်ရှိနေပါတယ်။ အဆိုပါ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန် လပြည့်နေ့အထိ ခုနစ်လတိုင်တိုင် နှစ်စဉ်ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အပြင် ပြည်ပခရီးသွားဧည့်သည်များပါ လာရောက်လေ့ရှိကြောင်း သိရပါတယ်။ (NVS-004)