“ခွန်ခမာချန်ပီယံလုပွဲမှာ ဝင်ရောက်ထိုးသတ်မယ့် သွေးသစ်မောင်”

25 Sep

မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးသစ်မောင် ဟာ ကမ္ဘောဒီးယား ခွန်ခမာချန်ပီယံလုပွဲကို ယှဥ်ပြိုင် ထိုးသတ်သွားဖို့ ရှိနေပါတယ်။ "4 Man Marathon" လို့ အမည်ရတဲ့ (၆၆)ကီလိုတန်း ကမ္ဘောဒီးယားချန်ပီယံလုပွဲကို စက်တင်ဘာလ ၂၆ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ ၂ ဦး၊ မြန်မာနဲ့ အီရန်ဖိုက်တာ တစ်ဦးစီ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို ကမ္ဘောဒီးယားရဲ့ Town Full HDTV Youtube နဲ့ Facebook၊ Boostrong Energy Drink Facebook တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။ သွေးသစ်မောင် ဟာ ၂၀၂၃ ခုနှစ်တုန်းက ANS က ကျင်းပတဲ့ (၆၃ ဒသမ ၅ - ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ သွေးသစ်မောင် ဟာ နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်တဲ့ သက်ဝင်းအောင်၊ အဲမွီ၊ စိန်လုံးချော၊ စောမင်းမင်း၊ စူပါရေချမ်း၊ မင်းကျော်ဇ၊ သွေးသစ်အောင် အစရှိသူတို့နဲ့ ပွဲပေါင်းများစွာ ထိုးသတ်ထားသူ ဖြစ်ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .