“ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိနေတဲ့ အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ”

25 Sep

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာဒူအေကေ ဟာ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ မာဒူအေကေ ဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ အစောပိုင်းမှာ ACL ဒဏ်ရာဖြစ်မှာကို အာဆင်နယ်အသင်း စိုးရိမ်ပူပန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာ ၆ ပတ်ကနေ ၈ ပတ်ဝန်းကျင်သာ အနားယူရမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ ကတော့ မာဒူအေကေ အနေနဲ့ ရက်သတ္တပတ်အနည်းငယ် အနားယူမှာဖြစ်ကြောင်းနဲ့ နောက်တစ်ပတ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ အတိအကျသိရှိနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကစားသမား မာဒူအေကေ ဟာ ဒီနွေမှာမှ ချဲလ်ဆီးကနေ အာဆင်နယ်အသင်းကို ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရာသီစတင်ချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .