“ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေ”

25 Sep

အင်္ဂလန်ဘောလုံးလိဂ်(EFL) ဘုတ်အဖွဲ့ဟာ ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ် Play-offs ယှဉ်ပြိုင်ကစားမှုကို အသင်းအရေအတွက် တိုးမြှင့်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ လက်ရှိပုံစံက လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးရပ်တည်မှုရရှိတဲ့နှစ်သင်း ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်ခွင့်ရရှိပြီး အဆင့်(၃)နေရာကနေ အဆင့်(၆)နေရာအထိ ရပ်တည်နေတဲ့ အသင်း ၄ သင်းက Play-offs ယှဉ်ပြိုင်ကစားပြီးမှ အနိုင်ရရှိတဲ့အသင်း တန်းတက်ခွင့်ရမှာ ဖြစ်ပါတယ်။ အခု EFL ရဲ့ ဘုတ်အဖွဲ့က အဆင့်(၃)ကနေ အဆင့်(၈)နေရာရရှိတဲ့အသင်းအထိ စုစုပေါင်း အသင်း ၆ သင်း ကို Play-offs ယှဉ်ပြိုင်ကစားစေဖို့ ဆွေးနွေးနေခြင်းဖြစ်ပြီး အခုရာသီမှာတော့ အရင်ပုံစံအတိုင်း အဆင့်(၃)ကနေ အဆင့်(၆)အထိသာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။ ဒါ့အပြင် EFL ဘုတ်အဖွဲ့ရဲ့ ဆွေးနွေးမှုက အောင်မြင် ခဲ့ရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)နဲ့ ပရီးမီးယားလိဂ်ရဲ့ သဘောတူညီချက်ရရှိဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .