“အစ္စကို ရဲ့ကစားသမားဘဝ အသင်းမှာပဲ အနားယူစေချင်တယ်လို့ဆိုတဲ့ ဘက်တစ်အသင်းဥက္ကဋ္ဌ”
25 Sep
ဘက်တစ်အသင်းရဲ့ ဥက္ကဋ္ဌ အိန်ဂျယ်ဟာရို က စပိန်တိုက်စစ်ကစားသမား အစ္စကို ရဲ့ ကစားသမားဘဝကို ဘက်တစ်အသင်းကနေသာ အနားယူစေချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘက်တစ်အသင်းဟာ အစ္စကို ကို ၂၀၂၃ နွေရာသီမှာ ဆီဗီလာအသင်းကနေ တစ်နှစ်စာချုပ်နဲ့သာ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုနှစ် ဒီဇင်ဘာလမှာပဲ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ ဘက်တစ်အသင်းက အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အစ္စကို ကို သက်တမ်းတိုးစာချုပ်ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ကစားသမားဘဝကို ဘက်တစ်အသင်းမှာ အဆုံးသတ်စေဖို့လည်း ဥက္ကဋ္ဌ ဟာရို က ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာရို က အစ္စကို အနေနဲ့ ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်းမှာလည်း ဆက်လက်ပြီး လက်တွဲသွားဖို့ စီစဉ်ထားခြင်းတယ်လို့ သိရပါတယ်။
25 Sep