“ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာ – ရုရှား နှစ်နိုင်ငံဆွေးနွေးခဲ့”

25 Sep

မကြာခင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နေပြည်တော်မှာ မြန်မာ – ရုရှား နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံ အမတ်ကြီး H. E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H. E. Mr. Iskander Azizov က ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ကြားခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အပိုင်းလိုက် ရွေးကောက်ပွဲဆောင်ရွက်ရာတွင် တစ်ပိုင်းနှင့်တစ်ပိုင်းကြား စီမံခန့်ခွဲဆောင်ရွက်မည့် ကိစ္စရပ်များ၊ နိုင်ငံပြင်ပ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ပြောင်းလဲကျင့်သုံး မည့်ရွေးကောက်ပွဲဆိုင်ရာစနစ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဖိတ်ကြားမည့် အခြေအနေများ၊ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအခြေအနေများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မေးမြန်းချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

25 Sep

ADVERTISE HERE .