“အလုပ်အကိုင်အခွင့်အလမ်း ၁,၅၀၀ ဦးခန့် အလုပ်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုကို ခွင့်ပြုပေး”
25 Sep
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁,၄၆၈ ဦး အတွက် အလုပ်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုကို စက်တင်ဘာလ ၂၄ ရက်ကကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှု ကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်းပြည်ပတင်ပို့မည့် ပဲအမျိုးမျိုးနှင့် နှမ်း၊ သန့်စင်ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဆန်ထွက်ပစ္စည်းများကြိတ်ခွဲသန့်စင်ထုတ်လုပ် တင်ပို့ခြင်းလုပ်ငန်း၊ Mattress နှင့် Foam အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကိုလုပ်ကိုင်သွားကြမည်ဖြစ်ကြောင်း သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာငွေကျပ် ၆,၄၇၃ ဒသမ ၈၀၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းဖြစ်ပြီး အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်မည့် လုပ်ငန်းနှစ်ခု အပါအဝင် အထွေထွေကိစ္စရပ်များတင်ပြလာတဲ့ကုမ္ပဏီ ၂၄ ခု၏တင်ပြချက်များကို ဆွေးနွေးဆုံးဖြတ်ပေးခဲ့ ကြောင်း သိရပါတယ်။ (NVS 004)