“ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် သံချောင်းလုံးများကို အထူးကုန်ရထားဖြင့် ပို့ဆောင်”

25 Sep

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သောဒေသများမှာ ဆောင်ရွက်လျက်ရှိတဲ့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများမှာ လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများကို ရန်ကုန်မြို့မှ မန္တလေးမြို့သို့ စက်တင်ဘာလ ၂၃ ရက်က အထူးကုန်ရထားဖြင့်ပို့ဆောင်ပေးခဲ့ပါတယ်။ အဆိုပါကုန်ရထားက မန္တလေးမြို့သို့ HRB 500 အမျိုးအစား သံချောင်းလုံးစုစုပေါင်းတန်ချိန် ၄၈၆ ဒသမ ၈၈၆ တန်ကို တင်ဆောင်လာခဲ့ပြီး နေပြည်တော်ဘူတာသို့ဆိုက်ရောက်ကာ နေပြည်တော်ဘူတာမှတစ်ဆင့် မန္တလေးမြို့ရှိ မြို့ဟောင်းဘူတာသို့ စက်တင်ဘာလ ၂၄ ရက်နံနက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိလာတဲ့ HRB 500 အမျိုးအစားသံချောင်းလုံးများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။ (NVS 004)

25 Sep

ADVERTISE HERE .