အက်ကီတီကီ ရဲ့ အောင်ပွဲခံပုံက မိုက်မဲတဲ့လုပ်ရပ်လို့ဆိုတဲ့ အာနယ်ဆလော့

24 Sep

လီဗာပူးလ်နည်းပြ အာနယ်ဆလော့ က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရတဲ့ တိုက်စစ်မှူး အက်ကီတီကီ ရဲ့ အောင်ပွဲခံပုံကို မိုက်မဲတဲ့လုပ်ရပ်လို့ ပြစ်တင်ပြောကြားခဲ့ပါတယ်။ အက်ကီတီကီ ဟာ အဲဒီပွဲမှာဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးတဲ့နောက် အင်္ကျီချွတ် အောင်ပွဲခံခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အက်ကီတီကီ ဟာ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။(NVS 008)

24 Sep

ADVERTISE HERE .