ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ဆိုတဲ့ မာတင်နယ်လီ
24 Sep
အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီ က အရန်ကစားသမားအဖြစ် ရပ်တည်လိုခြင်းမရှိဘဲ ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မာတင်နယ်လီ ဟာ မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်မိနစ် ၈၀ ရောက်မှ လူစားဝင် ကစားခွင့်ရခဲ့ပြီး ၉၃ မိနစ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မာတင်နယ်လီဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့သလို တစ်ဂိုးဖန်တီးပေးနိုင်ကာ ခြေစွမ်းပြသခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတေတာ ကတော့ မာတင်နယ်လီရဲ့ အဆုံးသတ်ဂိုးသွင်းပုံကို မယုံနိုင်အောင် ဖြစ်ခဲ့ရကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။(NVS 008)
24 Sep