ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသက်အငယ်ဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ် ကလော်ဒီယာရစ်ဇို မှတ်တမ်းဝင်

24 Sep

အီတလီစီးရီးစီကလပ် တာနာနာအသင်းရဲ့ဥက္ကဋ္ဌ ကလော်ဒီယာရစ်ဇို ဟာ ပရော်ဖက်ရှင်နယ် ဘောလုံး လောကမှာ အသက်အငယ်ဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ တာနာနာအသင်းဟာ သုံးနှစ်ဆက်တိုက် ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိပိုင်ရှင်သစ်ဖြစ်တဲ့ ဂီယန်လူဂီရစ်ဇို က သမီးဖြစ်သူ ကလော်ဒီယာရစ်ဇို ကို အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ကလော်ဒီယာရစ်ဇို ဟာ အသက် ၂၃ နှစ်သာရှိသေးတာကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသက်အငယ်ဆုံးအမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာခဲ့သလို၊ တာနာနာအသင်းရဲ့ နှစ်(၁၀၀)သက်တမ်းအတွင်း ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ကလော်ဒီယာရစ်ဇိုက တာနာနာအသင်းကို မိဘတွေရည်မှန်းထားတဲ့အတိုင်း ဖြစ်လာအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

24 Sep

ADVERTISE HERE .