ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် ၅ လဝန်းကျင်အနားယူရမည့် ဂါဗီ

24 Sep

ဘာစီလိုနာအသင်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဂါဗီ အနေနဲ့ ၄ လ ကနေ ၅ လဝန်းကျင်အထိ အနားယူရမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ စပိန်ကစားသမား ဂါဗီ ဟာ ၂၀၂၃ နိုဝင်ဘာတုန်းက ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိတာကြောင့် ၁၁ လဝန်းကျင် အနားယူခဲ့ရဖူးပြီး အခုအခါ ညာဘက်ဒူးမှာပဲ ဒဏ်ရာထပ်မံရရှိခဲ့ကာ ယခုတစ်ကြိမ်ဟာ ပထမအကြိမ်ကထက် ပြင်းထန်တယ်လို့ သိရပါတယ်။ ဂါဗီအနေနဲ့ အစောဆုံးအဖြစ် ဇန်နဝါရီလမှ ပြန်ကစားနိုင်တော့မှာဖြစ်လို့ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ရမှာဖြစ်သလို၊ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။ ဂါဗီ ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရို ၁ ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။(NVS 008)

24 Sep

ADVERTISE HERE .