ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

24 Sep

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြုရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့တဲ့ မြန်မာကလေးငယ်အဖွဲ့ မှပထမဆုရခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ We Are Genius MYANMAR အသင်းက AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ We Are Genius MYANMAR အသင်းက စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ် ကျရောက်တဲ့ အခြေအနေများမှာ လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက် သွားလာသော စနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းမှာ မိုးပြည့်စုံကျော် ၁၁ နှစ်၊ ကျော်ဘုန်းခန့်ဇော် ၁၁ နှစ် နှင့် ဉာဏ်ကိုး ၁၂ နှစ်တို့က ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစတဲ့ နိုင်ငံများနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့‌ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။(NVS 004)

24 Sep

ADVERTISE HERE .