လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ၄၉၆၃ ဦး တင်ပြထားရှိပြီ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်‌လောင်း ၁၀၀၀ကျော် ဖြင့် အများဆုံးတင်ပြထား

24 Sep

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေ နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းကို စက်တင်ဘာလ ၈ ရက်မှ ၂၂ ရက်အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးမှာ အမည်စာရင်းတင်သွင်းခဲ့ကြရာ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ဦး အမည်စာရင်း တင်သွင်းခဲ့ကြပါတယ်။ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုများအနက် ပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁,၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ လွှတ်တော် ကိုယ်စား လှယ်စုစုပေါင်း ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၁၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ခုမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၉၆၀ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၉၅ ဦးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ဝင်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၄,၉၆၃ ဦးအမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို ၂၃-၉-၂၀၂၅ ရက်နေ့မှ ၄-၁၀-၂၀၂၅ ရက် အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 004)

24 Sep

ADVERTISE HERE .