ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးသတိနဲ့ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား
24 Sep
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်စေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး၊ အတည်ပြုလူဉီးရေစာရင်း မှန်ကန်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ လုပ်ငန်းကဏ္ဍ အလိုက် ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုူများနှင့် ပတ်သက်၍ ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။(NVS 004)