ဝါလကင်းလွတ်သီတင်းကျွတ် မြတ်ဆရာပူဇော်ပွဲ ကို IBEC ကျောင်းတော်ကြီး၌ကျင်းပ

24 Sep

စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ကျောင်းတော်ကြီး၌ ဝါလကင်းလွတ်သီတင်းကျွတ် မြတ်ဆရာပူဇော်ပွဲ ကို စက်တင်ဘာလ ၂၃ ရက်နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရည်မှန်း၍ IBEC ဆရာတော်အမှူးပြုသည့် IBEC နာယက ဆရာတော်များ၊ စာချဆရာတော်များအား IBEC Education Development Co.ltd ၏ CEOနှင့် BOD ကြီးများဦးဆောင်သော သင်ကြား/စီမံရုံးအဖွဲ့၊ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ရှိခိုးကန်တော့ခဲ့ကြပါတယ်။ ဒါ့အပြင် IBEC Education Development Co.ltd ၏ CEO နှင့် BOD ကြီးများ၊ ဆရာ၊ ဆရာမများအား ကျောင်းသား/သူများမှ ကန်တော့ခြင်းများကို ပူဇော်ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများမှ သင်ကြား/စီမံရုံးအဖွဲ့ကို သီတင်းကျွတ်လက်ဆောင်များပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။(NVS 004)

24 Sep

ADVERTISE HERE .