ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံအကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ်-မြန်မာဆွေးနွေး

24 Sep

“အတူဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း" ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ အကောင်အထည်ဖော်ခြင်းဆိုင်ရာ" တရုတ်-မြန်မာဆွေးနွေးပွဲကို စက်တင်ဘာလ ၂၂ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် China Media Group(CMG)တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူးကြီး Dr. Zheng Zhihong၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးပုဂ္ဂိုလ် ဒေါက်တာ နိုင်ဆွေဦး နှင့်အဖွဲ့ဝင် ဒေါက်တာခင်မောင်လွင်တို့တက်ရောက်ခဲ့ကြပါတယ်။ ထို့ပြင် ဆွေးမျိုးပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ အမျိုးသား ဒီဂရီကောလိပ်မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြတယ်။(NVS 004)

24 Sep

ADVERTISE HERE .