အော်တစ်ဇင်ရောဂါဖြစ်ပွားမှုက အကိုက်အခဲပျောက်ဆေးများ၊ ကာကွယ်ဆေးများနှင့်ဆက်စပ်မှုမရှိဟု WHO ထုတ်ပြန်
24 Sep
ကလေးငယ်များ အော်တစ်ဇင်ရောဂါဖြစ်ပွားမှုက အကိုက်အခဲပျောက်ဆေးများ၊ ကာကွယ်ဆေးများနှင့် ဆက်စပ်ခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း Tylenol အမည်ရှိ အကိုက်အခဲပျောက် ဆေးများကို အသုံးပြုပါက မွေးလာသောကလေးသည် အော်တစ်ဇင်ရောဂါဖြစ်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ယင်းဆေးများကိုရှောင်ရှားရမည်ဖြစ်ကြောင်း၊ ကလေးငယ်များကို ထိုးနှံပေးနေ သည့် ကာကွယ်ဆေးများ၏စံချိန်စံညွှန်းများကိုလည်း ပြောင်းလဲရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က စက်တင်ဘာလ ၂၂ ရက်တွင် ပြောပြီးနောက် WHO က ယခုကဲ့သို့ထုတ်ပြန်လာခြင်း ဖြစ်သည်။ Tylenol တွင်ပါဝင်သည့် အဓိကပါဝင် ပစ္စည်းဖြစ်သော ပါရာစီတမောသည် ကိုယ်ဝန်ဆောင်မိခင်များ အနေ ဖြင့် အသုံးပြုရန် အသင့်လျော်ဆုံးသော အကိုက်အခဲပျောက်ဆေးများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူများက အသိအမှတ်ပြုထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ပါရာစီတမောနှင့် အော်တစ်ဇင်ဖြစ်ပွားမှုကြား ဆက်စပ်မှုရှိ၊ မရှိကို စောင့်ကြည့်လေ့လာ သုတေသနပြုမှုများစွာ လုပ်ဆောင်ခဲ့သော် လည်း ထိုသို့ဆက်စပ်နေသည်ဟူသော အချက်ကိုမတွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျက်ဆာရီဗစ်က သတင်းထောက်များကို ပြောသည်။ ကလေးငယ်များ အော်တစ်ဇင်ဖြစ်ပွားရခြင်းသည် ဗီဇ ပြောင်းလဲမှုများကြောင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှုပ်ထွေးစွာဆက်စပ်နေကြောင်း ပညာရှင်များ က ယူဆထား သည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။