“မေဂျာလိဂ်ရာသီကုန်ပါက ကစားသမားဘဝကနေ အနားယူမယ့် ဘူးစကွက်စ်”

23 Sep

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ စပိန်ကွင်းလယ်ကစားသမား ဘူးစကွက်စ် ဟာ ဒီနှစ် မေဂျာလိဂ်ရာသီကုန်ချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဘူးစကွက်စ်ဟာ ၂၀၂၃ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီး အင်တာ မိုင်ယာမီအသင်းနဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာကြောင့် သူ့ရဲ့ စာချုပ်သက်တမ်းက ရာသီကုန်ချိန်တွင် စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ဖူးတဲ့ ဘူးစကွက်စ် ဟာ ကစားသမားဘဝကနေ အနားယူပြီးရင် ဘာစီလိုနာအသင်းမှာ ရာထူးတစ်ခုခုနဲ့ ပြန်လည်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .