“ဇန်နဝါရီလအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ မိန်နူး ထွက်ခွာဖွယ်ရှိ”
23 Sep
အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူး ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖီးလ်ဂျုံးစ် က သုံးသပ်ပြောကြားခဲ့ပါတယ်။ အသက် ၂၀ နှစ်အရွယ် မိန်နူး ဟာ လူငယ် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပွဲထွက်ခွင့် ရုန်းကန်နေရပြီး အသင်းမှာ အနာဂတ်မရေမရာမသေချာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ ကမ်းလှမ်းမှုတွေကို မန်ယူအသင်းက ငြင်းဆန်ခဲ့ပေမယ့် ကစားသမားသစ်ခေါ်ယူရာမှာ မိန်နူး ကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)
23 Sep