“ဘင်ဖီကာအသင်းက ဘန်ဇီမာ ကို ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ဘင်ဖီကာနည်းပြ မော်ရင်ဟို”

23 Sep

ဘင်ဖီကာအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ မော်ရင်ဟို ဟာ ဘင်ဖီကာအသင်းကို အင်အားတောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့ ရည်ရွယ်ရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ အသက် ၃၈ နှစ်ပြည့်တော့မယ့် အယ်လ်အစ်တီဟတ်အသင်းကစားသမား ဘန်ဇီမာ ကို ခေါ်ယူဖို့ ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ ဘန်ဇီမာ ဟာ မော်ရင်ဟိုနဲ့ ရီးရဲလ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး အယ်လ်အစ်တီဟတ် အသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ဇီမာ ဟာ အယ်လ်အစ်တီဟတ်အသင်းမှာ လစာအများဆုံးရနေသူဖြစ်ပြီး တစ်ပတ်ပေါင် ၁ ဒသမ ၆ သန်းဝန်းကျင်ရရှိနေသူဖြစ်တာကြောင့် စာချုပ်သက်တမ်းမကုန်ခင် တခြားအသင်းကို ပြောင်းရွှေ့ရန် အခွင့်အရေးနည်းပါး ပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .