“ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ဖွင့်လှစ်မည်”

23 Sep

ဧရာဝတီတိုင်းဒေသကြီးမှာ ပထမဆုံးအဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တက္ကသိုလ်တွင် စုစုပေါင်းကျောင်းသားဦးရေ ၂၀၀ ခေါ်ယူမည်ဖြစ်ပြီး အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၁၀၀ ဦး လက်ခံမယ်လို့ သိရပါတယ်။ တက္ကသိုလ်၏ သင်တန်းကာလမှာ လေးနှစ်ဖြစ်ပြီး စိုက်ပျိုးရေး သိပ္ပံဘွဲ့ (Bachelor of Agriculture Science) နှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science) တို့ကို သင်ပေးအပ်မည်ဖြစ်ကြောင်းသိရပါတယ်။ ကျောင်းသား၊ ကျောင်းသူများသည် ကွင်းဆင်းလက်တွေ့လုပ်ငန်းများကို ပါဝင်လုပ်ဆောင်ရမည်ဖြစ်ပြီး ကျန်းမာရေး(က)အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူများဖြစ်ရမည်ဟု သတ်မှတ်ထားပြီး လျှောက်လွှာများကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ လာမည့်အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 004)

23 Sep

ADVERTISE HERE .