“တောင်ကြီးမြို့ကို Safety City အဖြစ် ဖော်ဆောင်ရန် စီစဉ်ဆောင်ရွက်မည်”

23 Sep

ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တောင်ကြီးမြို့အား Safety, Smart And Happiness City အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ၌ တောင်ကြီးမြို့ Safety City ဆိုင်ရာတင်ဒါကော်မတီက CCTV Control Center မှာ လိုအပ်သော Fusion Big Data Server ဝယ်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြည်တွင်းလုပ်ငန်းရှင်များမှ အိတ်ဖွင့် တင်ဒါလျှောက်လွှာတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။ တင်ဒါပုံစံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဌာနခွဲ(၃)၊ ဌာနစု ၅ မှာ စက်တင်ဘာလ ၂၂ ရက်မှ စတင်ရယူ နိုင်မည် ဖြစ်ပါတယ်။ လျှောက်လွှာပိတ်ရက်ကတော့ အောက်တိုဘာလ ၅ ရက်ဖြစ်ပြီး တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကတော့ အောက်တိုဘာလ ၆ ရက်ဖြစ်ပါတယ်။ (NVS 004)

23 Sep

ADVERTISE HERE .