“ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာလ ၃၀ ရက်မှစတင်ကျင်းပသွားမည်”

23 Sep

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၃၀ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်အစရက်ဖြစ်သော စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ မဟာပဋ္ဌာန်း ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ဆွမ်းအိုးမျှောပွဲ၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုဖျော်ဖြေမှု များ၊ ဇာတ်သဘင်ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ၊ ဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

23 Sep

ADVERTISE HERE .