“ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ကို တင်ဒါစနစ်ဖြင့်ငှားရမ်းမည်”

22 Sep

ပြင်ဦးလွင်မြို့ရှိ စည်ပင်အဖွဲ့ပိုင် တည်ဆောက်ဆဲ ခေတ်မီအဆင့်မြင့် သုမင်္ဂလာဈေး (ညံတောဈေး)ကို အမျိုး အစားအလိုက်၊ နေရာအလိုက် တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ခေတ်မီအဆင့်မြင့်ဈေးတွင် ငှားရမ်းမည့်နေရာများမှာ မြေညီထပ်ရှိ ဘဏ်နေရာ ငါးနေရာ၊ Branded ဆိုင် ၁၇ နေရာ၊ သားငါးနှင့်ကုန်စိမ်း(အအေးခန်း) ၂၆ ခန်း၊ စားသောက်ဆိုင်ခန်း သုံးနေရာ၊ Supermarket (Shopping Mall) တစ်နေရာ၊ ဈေးပထမထပ်ရှိ Branded ဆိုင်နေရာ ၅၀၊ စတုတ္တထပ်၊ ပဉ္စမထပ်နှင့် ခေါင်မိုးထပ်ရှိ Restaurant & Snack Shop ၁၅ ဆိုင်၊ အခြားဆိုင်ခန်း ၈၅ ဆိုင်၊ ပဉ္စမထပ်ရှိ လူ ၃၀၀ ဆံ့မင်္ဂလာခန်းမ တစ်နေရာ၊ ခေါင်မိုးထပ် ဆိုင်ခန်းများ နှင့် သုမင်္ဂလာဈေး(ညံတောဈေး) အပြင်နံရံများ၏ ဆိုင်းဘုတ်များသုံးနေရာ၊ မြေအောက်ထပ်ရှိကား၊ ဆိုင်ကယ် ရပ်နားရန် နေရာများ၊ မန္တလေး-လားရှိုးလမ်းဘက်ခြမ်း ငါးခု၊ မြို့ပတ်လမ်းဘက်ခြမ်း ၁၀ ခု၊ သုမင်္ဂလာလမ်း ဘက်ခြမ်း ခုနစ်ခုနှင့် LED ဆိုင်းဘုတ်တစ်နေရာ တို့အား ဌားရမ်းပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါနေရာများအတွက် တင်ဒါလျှောက်လွှာတင်သွင်းလိုသူများအနေနဲ့လျှောက်လွှာများကို စက်တင်ဘာလ ၁၉ ရက်မှ စတင်ရောင်းချပေးလျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်အထိ ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်ပါ တယ်။ ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၌ လျှောက်လွှာများကို ဝယ်ယူကာ ပြန်လည်တင်သွင်းရမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေနဲ့ တစ်ဦးချင်းသော်လည်းကောင်း၊ အထပ်လိုက်သော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း တင်ဒါတင်သွင်းလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS-004)

22 Sep

ADVERTISE HERE .