“ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ရန်လျာထား”
22 Sep
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ ယခုဏ္ဍာနှစ်မှာ ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့နိုင်ရန်လျာထားပြီး ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရရှိရန် မျှော်မှန်းထားပါတယ်။ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် မတ်ပဲကို အဓိကတင်ပို့ပြီး ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင် ပဲအမျိုးအစားပေါင်း ၂၀ ကျော်ကို တင်ပို့နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ပြီး တခြားပြည်ပတရုတ်နိုင်ငံနှင့် ဥရောပ ဈေးကွက်များသို့ပါ တင်ပို့လျက်ရှိပါတယ်။ လက်ရှိတွင် ဈေးကွက်အသစ်များ ရှာဖွေတင်ပို့ခြင်းထက် ရှိပြီးသား ဈေးကွက်အား ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွင် မြန်မာပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံရရှိခဲ့တယ်လို့ သိရပါတယ်။ (NVS-004)