ကုန်ဈေးနှုန်းသတင်း ၂၂.၉.၂၀၂၅
22 Sep
စက်တင်ဘာလ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ကြက်သွန်ဖြူဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ မန်ကျည်းသီး၊ အာလူးနဲ့ အခြားပဲအများစုဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၃,၆၀၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၃,၀၁၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၇၆၅ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၇၇,၀၄၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၅၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၉၁၀ ကျပ်ကနေ ၇,၃၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၆၈၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၃,၈၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၆၀ ကျပ်ကနေ ၁,၅၈၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ငရုတ်(ပန်းရဲ) ၆,၅၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၃,၀၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၇၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၇၀ ကျပ်၊ မန္တလေးမှာ ၃,၀၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၅၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၅ ကျပ်၊ မန္တလေးမှာ ၂,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၇၀ ကျပ်၊ မန္တလေးမှာ ၃,၂၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၅၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၈၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ရှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၉၈၀,၀၀၀ိ/-) ခုနစ်ဆယ် ကိုးသိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။