“ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ မှတ်တမ်းနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်”
22 Sep
ယခုတစ်ပတ် စနေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်မှာ မန်ယူအသင်း က ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်ခဲ့သလို သွင်ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာ မန်ယူအသင်းနည်းပြ အာမိုရင်မ် က ဖာနန်ဒက်စ် ဟာ အသင်းသားတွေအပေါ် လွှမ်းမိုးနိုင်မှုရှိခဲ့ပြီး တစ်ခါတစ်ရံတော့ ပွဲတိုင်းမှာ အဓိကလူအဖြစ် သူဟာ အကောင်းဆုံးအနေအထား မရှိခဲ့ပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးအချက်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ အနေအထားတိုင်းမှာ အသင်းကို ပိုမိုကောင်းမွန်အောင် ကူညီဖို့ အကောင်းဆုံးဖြစ်နေရပြီး ပိုမိုကောင်းမွန်အောင် ကစားနိုင်တယ်လို့ ယူဆပါကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ (NVS 008)
22 Sep