“အာဆင်နယ်နဲ့သရေကျခဲ့တဲ့ပွဲဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့”

22 Sep

ယခုတစ်ပတ်စူပါဆန်းဒေးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂွါဒီယိုလာ ရဲ့ နည်းပြဘဝတစ်လျှောက် ယှဉ်ပြိုင်ခဲ့သမျှ လိဂ်ပွဲစဉ် ၆၀၀ ကျော်ထဲမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ပွဲအစ ၉ မိနစ်မှာကတည်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ခံစစ်ကို အားပြုကစား ခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှုမှာ အာဆင်နယ်အသင်းက ၆၇ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး မန်စီးတီးအသင်းက ၃၂ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတေတာ ကတော့ ဂွါဒီယိုလာနဲ့ ရင်ဆိုင်ရတဲ့ လိဂ်ပြိုင်ပွဲ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .