“မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် AI အသုံးပြုနိုင်ရေးဆွေးနွေး”

22 Sep

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ တရုတ်နိုင်ငံ၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပတဲ့ ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ် အစည်းအဝေးများဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများကိုတက်ရောက်ကာ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ AI အသုံးပြုနိုင်ရေးလိုအပ်တဲ့ အခြေအနေများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ပါတယ်။ AI နည်းပညာအား အစိုးရကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ကျန်းမာရေးနှင့် ပြည်သူများအားဝန်ဆောင်မှုပေးနေတဲ့ ကဏ္ဍများမှာ အသုံးပြုလျက်ရှိတဲ့ အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် AI နည်းပညာကို ဘဏ်များတွင် Customer Service ပေးသည့်နယ်ပယ်၊ Risk Management ဆိုင်ရာနယ်ပယ်များဖြစ်သည့် Credit Assessment ပြုလုပ်ခြင်း၊ ငွေကြေးမသမာမှုနှင့် Transaction Monitoring ဆောင်ရွက်ရာတွင် AI နည်းပညာနဲ့ ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ AI အသုံးပြု နိုင်ရေးလိုအပ်မှုနှင့် Cloud Computing နည်းပညာကို မိမိတို့လုပ်ငန်းမှာ အသုံးချခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးနိုင်ခြေအန္တရာယ်များလျော့နည်းစေရေးဆောင်ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ဟွာဝေး Global Cyber Security Transparency Center မှာ ဟွာဝေးရဲ့ ထုတ်ကုန်များ၊ ဆော့ဖ်ဝဲလ်များနှင့်လုံခြုံရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အဖွဲ့အစည်းများစစ်ဆေးနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးပိုင်း ဆိုင်ရာ Third Party Testing များပြုလုပ်နိုင်မှု ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များ (Best Practices)၊ Internet of Things (IoT) ဆိုင်ရာလုံခြုံရေးစနစ်များ၊ BOC၊ ICBC ဘဏ်များနှင့် ဟွာဝေး နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ တရုတ်နိုင်ငံရှိ ဘဏ်များတွင်ဆောင်ရွက်ခဲ့သော Smart Banking ၊ Digital Banking များအား AI နည်းပညာဖြင့် အကောင်အထည်ဖော်ခဲ့မှုအတွေ့အကြုံများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ၏ဘဏ်အချင်းချင်း နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် CIPS မှာ မြန်မာဘဏ် များ ပါဝင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကြား ငွေပေးချေမှုများမှာ အထောက်အကူဖြစ်စေမှု တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

22 Sep

ADVERTISE HERE .