“ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများအတွက် သင်တန်းသား ခေါ်ယူ”

22 Sep

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာ သင်တန်းများကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းမှာ Fully-Funded Internship Training ပုံစံဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို Level-1 (Certificate in Rice Processing Technology)၊ Level-2 (Higher Certificate in Rice Processing Technology) သတ်မှတ်ထားပြီး GTHS ၊ GTI သင်ကြားတက်ရောက်ခဲ့သူများ၊ စက်မှု/လျှပ်စစ် အင်ဂျင်နီယာပညာသင်ကြားခဲ့သူများ၊ GTHS နှင့် AGTI ဘွဲ့ရများ၊ ဆန်စက်များနှင့် ကုန်ထုတ် စက်ရုံများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများကို ဝင်ခွင့်အရည်အချင်းစစ်ဆေးတဲ့စနစ်(Entry Interview)နဲ့ သင်တန်း သား/သူများကို ရွေးချယ်လက်ခံမှာ ဖြစ်ပါတယ်။ Certificate (LEVEL 1) သင်တန်းမှာ ၃ လ၊ Higher Certificate (Level 2) သင်တန်းအတွက် ၄ လ ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဆန်စက်များမှာ အလုပ်အကိုင်ရရှိနိုင်မည့် Fully Funded Internship Training ဖြစ်ကာ သင်တန်းကြေးအခမဲ့ဖြစ်ပြီး၊ သင်တန်းကာလတွင် နေထိုင်စားသောက်စရိတ်ငြိမ်း ဖြစ်ပါတယ်။ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းမှာ စာတွေ့သင်ကြားမှု၊ ဆန်စက်များနှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ စက်ရုံများမှာ လက်တွေ့သင်ကြားမှုဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး၊ သင်တန်းကို ရုံးဖွင့် ရက်များ၊ အလုပ်ဖွင့်ရက်များတွင် ရုံးချိန်/အလုပ်ချိန်အတွင်း သတ်မှတ်ထားသည့် သင်တန်းအချိန်များ၊ လက်တွေ့ ပါဝင်လုပ်ဆောင်မှုများတွင် အချိန်ပြည့်ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းအလိုက် အသိအမှတ်ပြု Certificateနှင့် Higher Certificate တို့ကို စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်း ကျောင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၁၀ ရက်အတွင်း လျှောက်ထားနိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၏ နေထိုင်ကြောင်းထောက်ခံစာ(မူရင်း)၊ သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (မူရင်း)၊ ပညာသင်ယူမှုအထောက်အထားစာရွက်စာတမ်းများ(မိတ္တူများ)၊ လက်ရှိကုမ္ပဏီ/စက်ရုံ/ဆန်စက် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင်၏ ထောက်ခံစာ(မူရင်း) တင်ပြရမည်ဖြစ်ပါတယ်။ သင်တန်းများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်း ကျောင်း(SITE)နတ်မောက်လမ်းသွယ်– ၁၊ ဗိုလ်ချို-၂၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၆၈၂၃၇၅၅၂၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်(MRF) အခန်း(၉၀၁-၉၀၃)၊(UMFCCI Tower)အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၁၈၂၆၆/၆၈၊ ၀၁-၂၃၀၁၁၂၈/၂၉ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

22 Sep

ADVERTISE HERE .