“ငလျင်အလွန် ပြန်လည်ထူထောင်ရေး MSME စျေးရောင်းပွဲတော်ပြုလုပ်”
22 Sep
မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ် ဦးစီးဌာနမှကြီးမှူးကျင်းပတဲ့ SME လုပ်ငန်းကော်မတီမှ ဦးစီးကျင်းပတဲ့ငလျင်ဘေးအလွန်စီးပွားပြန်လည်ထူထောင် ရေး MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၂၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါဈေးရောင်းပွဲတော်ကို မန္တလေးချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာအတွင်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်အထိကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ဈေးရောင်းပွဲတော် မှာ ပြခန်းပေါင်း ၈၆ ခန်းပါဝင်မှာဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားအမျိုးမျိုးသော MSME ကုန်ပစ္စည်း များ၊ အရည်အသွေးမြှင့်ထုတ်ကုန်များကို တစ်နေရာတည်းတွင်စုံလင်စွာ ဝယ်ယူနိုင်မည်ဖြစ်ပြီး MSME စီးပွားရေး လုပ်ငန်း ၁၀၀ နီးပါး ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပွဲတော်ကာလအတွင်း၊ ဖျော်ဖြေရေး အစီအစဉ် များအဖြစ် မြန်မာ့အကအလှယဉ်ကျေးမှုများ၊ နာမည်ကြီးအဆိုတော်များ၊ DJ Dance အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)