“စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ် ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိ”
22 Sep
ယခုတစ်ပတ်တာကာလဖြစ်သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၈ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၁၀ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ ပြီးခဲတဲ့ ဩဂုတ်လပထမအပတ်မှာ ငွေကျပ် ၆၁၃၀ သာရှိခဲ့ပေမယ့် သြဂုတ်လနောက်ဆုံးအပတ်မှာ ငွေကျပ် ၆,၃၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလပထမအပတ်ကနေ ဒုတိယအပတ်အထိ ၆၄၁၀ ကျပ်မှ ၆၆၁၀ ကျပ်အထိ ဆက်လက်မြင့်တက်လာခဲ့ပါတယ်။ ယခုတစ်ပတ်အတွက် ရည်ညွှန်းဈေးမှာ ယခင်တစ်ပတ်က အမြင့်ဈေးနှုန်းအတိုင်းသာ ဆက်လက်ရပ်တည်နေပါတယ်။ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။ (NVS 004)