“ပြည်ထောင်စုတစ်ဝန်းယှဉ်ပြိုင်မည့် ပါတီများ မဲဆန္ဒနယ်အားလုံးအနက် လေးပုံတစ်ပုံကို မဖြစ်မနေ ဝင်ပြိုင်ရမည်”

22 Sep

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတစ်ခုကို စက်တင်ဘာလ ၂၁ ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခင်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်မှုအဖြစ် ပုဒ်မ(၁၂)ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)ကို အစားထိုးပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။ အစားထိုးပြင်ဆင်ချက်မှာ "ပြည်ထောင်စုတစ်ဝန်းလုံး မှာ စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲ၌ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှုမပြုနိုင်ခြင်း"ကို အစားထိုးပြင်ဆင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါပြင်ဆင်မှုအရ မူလက မဲဆန္ဒနယ်အားလုံး၏ သုံးပုံတစ်ပုံမှာ မဖြစ်မနေဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေရတဲ့ ပြည်ထောင်စုအဆင့် ပါတီများအနေနဲ့ ယခုအခါမဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရခြင်းမှ ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်။ (NVS 004)

22 Sep

ADVERTISE HERE .