တိုက်စစ်ကစားသမား ရော်ဂျာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ သတ်မှတ်လိုက်တဲ့ အေဗီလာအသင်း

21 Sep

အေဗီလာအသင်းက ထိပ်တန်းအသင်းအများစုက ခေါ်ယူလိုနေတဲ့ တိုက်စစ်ကစားသမား ရော်ဂျာ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၈၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ရော်ဂျာ က ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ခုအတွင်း အေဗီလာအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့လို့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများက ခေါ်ယူရန် ကြိုးပမ်းခဲ့ကြပြီး အေဗီလာအသင်းက လက်မလွှတ်လိုတဲ့အတွက် ကမ်းလှမ်းမှုများကို ငြင်းပယ် ခဲ့ခြင်းဖြစ်ပါတယ်။ လာမည့်အပြောင်းအရွှေ့ကာလတွင် ရော်ဂျာ ကို နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ အပါအဝင် ထိပ်တန်းကလပ်အသင်း ခြောက်သင်းခန့်က အလိုရှိနေတာကြောင့် အေဗီလာအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရော်ဂျာ ကိုယ်တိုင်ကလည်း အေဗီလာအသင်းမှ ထွက်ခွာလိုနေပြီး ဆက်လက်ထိန်းသိမ်းရန် ခက်ခဲ နိုင်သည့် အခြေအနေများကြောင့် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်ခဲ့ပြီး ၎င်းရဲ့နေရာတွင် နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦးနဲ့ အစားထိုးရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .