အန်ဇို ဖာနန်ဒက် အတွက် ကာမာဗင်ဂါ အပြင် ပြောင်းရွှေ့ကြေး ၄၃ ဒသမ ၅ သန်းပေးချေရန် ချဲလ်ဆီးအသင်း တောင်းဆို

21 Sep

ချဲလ်ဆီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းက အလိုရှိနေတဲ့ အန်ဇို ဖာနန်ဒက် အတွက် ကာမာဗင်ဂါ အပြင် ပြောင်းရွှေ့ကြေး ၄၃ ဒသမ ၅ သန်းပေးချေရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက အသင်းကွင်းလယ်ပိုင်းတွင် တိုနီခရူး နဲ့ မိုဒရစ် တို့ ထွက်ခွာခဲ့ပြီးနောက် ထိပ်တန်းကစားသမား အင်အားဖြည့်တင်းမှု လုပ်ဆောင်ထားခြင်းမရှိခဲ့ဘဲ ကာမာဗင်ဂါ နဲ့ ချူအာမန်ဒီ တို့ကိုသာ ကျန်ရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက အန်ဇို ဖာနန်ဒက် ကို လာမည့်အပြောင်းအရွှေ့ ကာလတွင်လည်း ခေါ်ယူရန် ဆက်လက်ကြိုးပမ်းလာနိုင်တဲ့အတွက် ချဲလ်ဆီးအသင်းက အန်ဇို ဖာနန်ဒက် ကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးအပြင် ကာမာဗင်ဂါ ကိုပါ အလိုက်ပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .