ကွင်းလယ်ကစားသမား ချီဆာ ကို ယူရို ငါးသန်းဖြင့်ခေါ်ယူရန် အေစီမီလန်အသင်း ထပ်မံကြိုးပမ်း

21 Sep

အေစီမီလန်အသင်းနည်းပြ အယ်လီဂရီ က ယခင် ဂျူဗင်တပ်အသင်းတွင် လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ် ကစားသမား ချီဆာ ကို ပြောင်းရွှေ့ကြေးယူရိုငါးသန်းဖြင့် ခေါ်ယူရန်ကြိုးပမ်းလျက်ရှိပါတယ်။ အေစီမီလန် အသင်းက ချီဆာ ကိုခေါ်ယူရန် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလကတည်းက ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ကစားသမားအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားလိုတာကြောင့် ပွဲကစားခွင့်ပိုမိုရရှိရန် လိုအပ်နေသဖြင့် ပြောင်းရွှေ့ရန်ဆန္ဒရှိသော်လည်း ပြောင်းရွှေ့ကြေးညှိနှိုင်းမရဘဲ ရှိနေခဲ့ပါတယ်။ ချီဆာ ဟာ နည်းပြ အယ်လီဂရီ နဲ့ ဂျူဗင်တပ်အသင်းတွင် လက်တွဲခဲ့စဉ်က ပြိုင်ပွဲစုံ ၈၆ ပွဲတွင် သွင်းဂိုး ၁၆ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၄ ကြိမ်ထိပြုလုပ်ခဲ့ကာ တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြည့်တင်းနိုင်ခဲ့လို့ လက်ရှိ အေစီမီလန်အသင်းတွင် တိုက်စစ်ပိုင်းအတွက် ချီဆာ ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား ချီဆာ အနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆ ခုနှစ် က ဖီအိုရင်တီးနားအသင်းနဲ့ စတင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့လို့ ၂၀၂၄ ခုနှစ်တွင် လီဗာပူးအသင်းသို့ ရောက်ရှိခဲ့ပြီး လီဗာပူးအသင်းတွင် ပုံမှန် ပွဲကစားခွင့် ပျောက်ဆုံးနေသဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .