ကမ္ဘာ့တန်ကြေးအများဆုံး ဘောလုံးအသင်းစာရင်းတွင် ပရီးမီးယားလိဂ်မှကလပ်အသင်း အများဆုံးပါဝင်

21 Sep

လက်ရှိထုတ်ပြန်ခဲ့သည့် ကမ္ဘာ့တန်ကြေးအများဆုံး ကလပ်အသင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ ကလပ်အသင်းအများဆုံး ပါဝင်နေကြောင်း သိရပါတယ်။ CIES က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့တန်ကြေးအများဆုံး ကလပ်အသင်းများတွင် ပြီးခဲ့တဲ့ဘောလုံးရာသီက ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုခဲ့တဲ့ ချဲလ်ဆီးအသင်း က စုစုပေါင်းတန်ဖိုး ယူရို ၁ ဒသမ ၃၁၄ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ၎င်းနောက်တွင် မန်စီးတီးအသင်းက ယူရို ၁ ဒသမ ၁၂၈ ဘီလီယံဖြင့် အဆင့်(၂)၊ မန်ယူအသင်းက ယူရို ၁ ဒသမ ၀၇၁ ဘီလီယံဖြင့် အဆင့်(၃)၊ လီဗာပူးအသင်းက ယူရို ၁ ဒသမ ၀၆၅ ဘီလီယံဖြင့် အဆင့်(၄)၊ အာဆင်နယ်အသင်းက ယူရို ၁ ဒသမ ၀၀၁ ဘီလီယံဖြင့် အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် စပါးအသင်းက ယူရို ၉၇၄ သန်း ဖြင့် အဆင့်(၆)၊ ပီအက်စ်ဂျီအသင်းက ယူရို ၈၇၃ သန်းဖြင့် အဆင့်(၇)၊ ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၈၅၄ သန်းဖြင့် အဆင့်(၈)၊ နယူးကာဆယ်အသင်းက ယူရို ၈၁၆ သန်းဖြင့် အဆင့်(၉)၊ အေတီကိုအသင်းက ယူရို ၅၇၂ သန်းဖြင့် အဆင့်(၁၀) အသီးသီးရပ်တည်လျက်ရှိပြီး ပရီးမီးယားလိဂ်မှ ကလပ်အသင်းခုနစ်သင်းက ထိပ်ဆုံးစာရင်းမှာ အများဆုံးပါဝင်ခဲ့ပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .