ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့တဲ့ ဘိုတန်
21 Sep
ဘိုင်ယန်မြူးနစ်အသင်းမှ ဩစတြီးယားကလပ် လက်လင့်ဇ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့တဲ့ ခံစစ် ကစားသမား ဘိုတန် က ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘိုတန် ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြိုင်ပွဲစုံပွဲပေါင်း ၃၆၃ ပွဲပါဝင်ကစားခဲ့ရာ အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ကာ ကစားသမားဘဝ အောင်မြင်မှုရရှိခဲ့တဲ့အပြင် ဂျာမနီအသင်းမှာလည်း ဆယ်စုနှစ် နှစ်ခုကြာ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်လင့်ဇ်အသင်းသို့ အလွတ်ပြောင်းရွှေ့သွားပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းတွင် ပုံစံကောင်းရရှိရန် ခက်ခဲလာခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီ အစပိုင်းပွဲစဉ်သုံးပွဲထိ ပါဝင်ကစားခဲ့ကာ အသင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘိုတန် အနေနဲ့ လက်လင့်ဇ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ၁၃ ရက်ကြာတွင် ကစားသမားဘဝမှ တရားဝင်အနားယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)