ကျိုက်ထီးရိုးဘုရားပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှစ၍ ၇ လတိုင်ကျင်းပမည်

21 Sep

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို လာမည့်သီတင်းကျွတ်လပြည့်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ ၇ လတိုင်ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဘုရားပွဲတော်ကျင်းပရာ၌ ဘုရားဖူးလာသူများ သွားလာမှုအဆင်ပြေစေရေးအတွက် တောင်တက် မော်တော်ယာဥ်အစီးရေ ၁၅၀ ကျော်က အောက်တိုဘာလ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးသွားမှာဖြစ်ပြီး တည်းခို စားသောက်မှု အဆင်ပြေစေရန်အတွက်လည်း စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လဖက်ရည်ဆိုင်များနှင့် တည်းခိုဆောင်များအား ပြန်လည်ပြင်ဆင် နေရာချထားပြီးဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့မှ စက်တင်ဘာ ၁၄ ရက်အထိ ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော်ကာလအတွင်းက ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း/ပြည်ပဘုရားဖူး ၁၂ သိန်းကျော် ဝင်ရောက်ခဲ့ပါတယ်။(NVS 004)

21 Sep

ADVERTISE HERE .