ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ယူရို ၈ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်သွင်းဟုဆို

21 Sep

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း ယင်းနိုင်ငံ များမှ ယူရို ၈ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ) တန်ဖိုးရှိ ကုန်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ပထမသုံးလအတွင်း၌ ဝယ်ယူတင်သွင်းခဲ့ကြောင်း ဂျာမနီစီးပွားရေးအဖွဲ့အစည်းကြီးတစ်ခုက ထုတ်ပြန်သည်။ ယခုနှစ် ပထမသုံးလပတ်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့တင်ပို့ရောင်းချသည့် ပမာဏ ထက်ပို၍ ရုရှားနိုင်ငံထုတ်ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့ပြီး ၎င်းနိုင်ငံများသည် ယူရို ၄ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များ၊ ယူရို ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ရေနံစိမ်းများကို ဝယ်ယူတင်သွင်းခဲ့ကြောင်း Bald မီဒီယာအင်စတီကျူ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရုရှားနိုင်ငံမှ စွမ်းအင်ထုတ်ကုန်ပစ္စည်းများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အဓိကဝယ်ယူ တင်သွင်းနေသည့် ကုန်ပစ္စည်းများဖြစ်ကြောင်းသိရသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ဖြစ်ပွားပြီးနောက် ဥရောပသမဂ္ဂနိုင်ငံများက ရုရှားနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံမှုများကို ဖြတ်တောက်မည်ဟုကြေညာခဲ့ပြီး ရုရှား အပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည်။ သို့သော် အချို့ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကမူ ရုရှားနိုင်ငံမှ စွမ်းအင် အရင်းအမြစ်များကို ဆက်လက်ဝယ်ယူခဲ့ကြောင်း သိရသည်။

21 Sep

ADVERTISE HERE .